Friday, March 8, 2013

Firefox ကို ဖလူးဖလူးထအောင် မြန်ကြမယ်..


zawlin: mozilla firefox မြန်အောင် လုပ်တဲ့ နည်းလေးတင်ပေးပါလား အကို....
ကျွန်တော် တစ်ခါတင်တင်ပြီးပါပြီ.. မိတ်ဆွေမဖတ်မိလို့ဖြစ်ပါလိမ့်မယ်.. ခု ဒီတစ်ခါတော့ ကိုZawLin အပါအ၀င် Firefox နဲ့ မကင်းကြသူများအတွက် စုဆောင်းထားသမျကို ပြန်လည် မျှဝေလိုက်ပါတယ်..

အကြံပြုချက်
Web Browser တွေဟာ Internet ထဲကိုဝင်ရောက်ဖို့အတွက် တံခါးပေါက်များဖြစ်ပါတယ်။ ဒီလို တံခါးပေါက်တွေနဲ့ဆင်တူတဲ့ Web Browser တွေဟာ အချိန်တိုအတွင်းမှာ လိုရင်းနေရာတွေကို ရောက်ရှိနိုင်ဖို့အတွက် မြန်ဆန်မှုတွေလိုအပ်ပါတယ်။
ဒီတစ်ပတ်ရဲ့ Ten Things ကိုတော့ လူသုံးများတဲ့ Firefox Web Browser ကို ဘယ်လိုမြန်ဆန်အောင် အသုံးပြုနိုင်မယ်ဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။
1/ Extentions တွေကို လျှော့ချပါ။
Extentions တွေဟာ Firefox အတွက် ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ Firefox ရဲ့ လူကြိုက်များရတဲ့ကိစ္စရပ်တွေထဲမှာလည်း Extentions တွေဟာ အဓိက အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ Firefox ရဲ့ Startup Time ကိုကြာမြင့်စေတာဟာလည်း Extentions တွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အသုံးနည်းတဲ့ Extentions တွေကို Disable ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အသုံးမပြုဖြစ်တဲ့ Extentions တွေကို Remove ပြုလုပ်ခြင်းဖြင့် သင့် Firefox Startup Time ကိုတိုတောင်းစေမှာဖြစ်ပါတယ်။

2/ Browsing History များကိုရှင်းလင်းပါ။
Browsing History တွေဟာ Browser များအတွက် လေးလံစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Browser တစ်ကြိမ်အဖွင့်အပိတ်လုပ်တိုင်း History Clear ပြုလုပ်စရာမလိုအပ်ပေမယ့်၊ Shut Down ချပြီးချိန်တွေမှာတော့ ပြုလုပ်ထားသင့်ပါတယ်။ တချို့သော Link များဟာ Browser Connect တွေရှိတဲ့အတွက် လေးလံမှုကိုဖြစ်စေနိုင်ပါတယ်။
3/ Tab တွေအများကြီးဖွင့်တာကို လျှော့ချပါ။
တချို့သော သုံးစွဲသူများဟာ Browser တွေကို Tab အများကြီးနဲ့သုံးကြတာကို တွေ့ရပါတယ်။ Tab တွေဟာ Web Browsing မှာများစွာ အထောက်အကူပြုပေမယ့်၊ Tab အရေအတွက် များလာတာနဲ့အမျှ Browser ရဲ့လေးလံနှေးကွေးမှုဟာလည်း သိသာလာပါတယ်။ Tab တစ်ခုချင်းစီမှာအသုံးပြုထားတဲ့ Feature ဟာ Browser တစ်ခုလုံးအပေါ်မှာ သက်ရောက်တဲ့အတွက် Loading Time ပါ ကြာမြင့်သွားတတ်ပါတယ်။
4/ Browser Page Load ကို မြှင့်တင်ပါ။
Browser ရဲ့ Page Load Time ဟာလည်း Browser တစ်ခုအတွက် အရေးပါတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ Browser Page Load ကိုပြင်ဆင်ဖို့အတွက်တော့ Browser ရဲ့ Address Bar မှာ about:config လို့ရိုက်ထည့်ရမှာဖြစ်ပြီး၊ Browser Configer Setting ထဲကိုဝင်ရောက်ရမှာဖြစ်ပါတယ်။ browser.bookmarks.max. _backups ရဲ့ Value ကို ၁၀ (or) ၁၁ အဖြစ်ပြင်ပေးရမှာဖြစ်ပါတယ်။ ဒါဟာ Firefox 3.5 မှာသာဖြစ်ပြီး၊ နောက်ဆုံး Version မှာတော့ Value ဟာ ၁၀ ဖြစ်ပါတယ်။
5/ Bookmarks တွေကို အစီအစဉ်တကျထားပါ။
Bookmarks တွေဟာ Browser တွေအတွက်အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Bookmark တွေဟာ များပြားလွန်းလာရင်လည်း မလိုအပ်တဲ့လေးလံမှုတွေကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့်တော့ Software Update ပြုလုပ်ချိန်မှာ Bookmark တွေရဲ့အစီအစဉ်မကျနမှုဟာ အချိန်များစွာကုန်စေမှာဖြစ်ပါတယ်။
6/ Firefox ကိုအသုံးမပြုချိန်မှာ ပိတ်ထားပါ။
Firefox ရဲ့သဘာဝကတော့ Loading ပြုလုပ်ချိန်မှမဟုတ်ဘဲ တခြားအချိန်တွေမှာ Computer ရဲ့ Memory သုံးစွဲမှုပမာဏကိုမြင့်တက်စေပါတယ်။ ဒါကြောင့်မို့ အသုံးမပြုချိန်မှာ Firefox ကိုပိတ်ထားခြင်းအားဖြင့် စတင်အသုံးပြုချိန်မှာ လေးလံနှေးကွေးမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
7/ အသုံးမပြုတဲ့ Tools Bar တွေကို ဖြုတ်ပစ်ပါ။
Software တချို့ကို Install ပြုလုပ်ချိန်မှာ Browser မှာထည့်သွင်းအသုံးပြုဖို့အတွက် Tools Bar လေးတွေ ပါဝင်လာတတ်ပါတယ်။ ဒီ Tools Bar တွေမှာလည်း Online Connect တွေရှိတဲ့အတွက်၊ Loading တွေရှိလာပါတယ်။ အသုံးပြုဖို့လိုအပ်တဲ့ Tools Bar တွေဟာ ကိစ္စမရှိပေမယ့်၊ အသုံးမလိုတဲ့ Tools Bar တွေကိုတော့ ဖြုတ်ထားသင့်ပါတယ်။
8/ စက်ရဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ်မူတည်၍ Appearance ကိုအသုံးပြုပါ။
Firefox ရဲ့ Appearance နဲ့ပတ်သက်ပြီး Theme တွေကို Online မှာများစွာရရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ Browser ရဲ့ လုပ်ဆောင်မှုအပိုင်းမှာ ပိုမိုလေးလံသွားတာကိုတွေ့ ရပါတယ်။ စက်ရဲ့ စွမ်းဆောင်ရည်မြင့်မားနေမယ်ဆိုရင်တော့ မသိသာပေမယ့် စက်အနိမ့်တွေမှာ ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ သိသာတဲ့လေးလံမှုတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။
9/ Update Version တိုင်းကို အသုံးပြုဖို့စဉ်းစားပါ။
Firefox ဟာမကြာခဏဆိုသလိုမျိုး Update Version ထွက်တဲ့ Browser အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Online အစဉ်အမြဲသုံးစွဲသူများအတွက် Update ပြုလုပ်ခြင်းဟာ error မရှိပေမယ့်၊ တစ်ခါတစ်ရံသုံးစွဲသူများအတွက် Browser Update နဲ့အတူ Extention Update ပါပြုလုပ်ဖို့ လိုအပ်လာတတ်ပါတယ်။ ဒီလိုပြသနာမျိုးတွေကြောင့် Browser Crash ဖြစ်ပေါ်နိုင်ပါတယ်။
10/ Firefox Browser အကြောင်းကို လေ့လာပါ။
Firefox အသုံးပြုတတ်ခြင်းဟာ လူတိုင်းနီးပါးပြုလုပ်နိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက်တော့ သက်ဆိုင်ရာ Officail Site မှတစ်ဆင့် လေ့လာနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ about:config လိုမျိုး Setting ကို ၀င်ရောက်မပြုပြင်ချိန်အတွင်းမှာတော့ သိထားသင့်တဲ့ကိစ္စရပ်တွေကို လေ့လာထားသင့်ပါတယ်။ မှားယွင်းတဲ့ ပြုပြင်ပြင်ဆင်မှုတွေဟာလည်း မလိုလားအပ်တဲ့ နှေးကွေးလေးလံမှုတွေကို ကြုံတွေ့စေပါတယ်။
Ref : အင်တာနက်ဂျာနယ် အတွဲ(၁၃) အမှတ်(၈)
Firefox Browser ကို ပြင်ဆင်ခြင်း
fire fox ကိုဖွင်လိုက်ပါ add ဘားမှာabout:configကိုရိုက်ထည့်ပါပြီရင်scresh ဘားမှာpip လိုရိုက်ထည်ပါ
network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်ပေးပါ
network.http.pipelining.maxrequests မှာ4ကို နှစ်ချက်နှိပ်ပြီ3း0ပြောင်းပေးပါ
network.http.proxy.pipeliningကိုလဲ trueပြောင်းပေးပါ
ဒါတွေကိုပြုလုပ်ခြင်းဖြင့် သူငယ်ချင်းတိုရဲ fire fox ဟာပိုမိုမြန်ဆန်လာစေမှာပါ
WINDOW 7 User-
network IPv6-capable DNS serversတွင် IPv6 address
မှတောင်းဆိုချက်ရ IPv4 address ဆီသို့ပြန်လည်ကူးပြောင်း
သွားပါလိ့မ်မည်။ထိုသို့မှားယွင်းစွာပြုလုပ်ခြင်းအတွက်Filter
Search Box တွင် network.dns.disableIPv6 ရိုက်ထည့်ပြီး
ရှာဖွေပါ။တွေ့ကနှစ်ချက်နှိပ်၍ True ဖြစ်အောင်လုပ်ပါ။
Caution ;Window XP User is Not Need
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.interrupt.parsing
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက True ရွေးပေးပါ။
များစွာသော Access has been Denied အတွက်ပြင်
ဆင်လိုက်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.max.tokenizing.time
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက2250000 ကိုရိုက်ထည့်ပေးပါ။
ထိုသို့အသစ်ပြင်ဆင်ပြောင်းလိုက်ခြင်းဖြင့် Download
တွင်ပိုမိုမြန်ဆန်လာစေသည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.interval
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
ထို့နောက် prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Boolean ကိုနှိပ်ပါ။
content.notify.ontimer
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက Ture ကိုရိုက်ထည့်ပေးပါ။
ထိုသို့ပြုလုပ်ခြင်းဟာ သတင်းအချက်လက်ကိုမြန်ဆန်အောင်
Timer ချခြင်းတစ်မျိုးပါဘဲ..
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.notify.backoffcount
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 5 ကိုရိုက်ထည့်ပေးပါ။
Back နှင့် Forward အတွက်ပြင်ဆင်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
content.switch.threshold
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 750000 ကိုရိုက်ထည့်ပေးပါ။
web pageမှရှိသော Switch အားလုံးအတွက်ပြင်ဆင်ခြင်းဖြစ်သည်။
prefence List box တွင် Right Click နှိပ်ပြီး
New ဆီသို့ရွေ့ကာ Integer ကိုနှိပ်ပါ။
(APPLE computer User use Ctrl+mouse Click)
nglayout.initialpaint.delay
ကိုဘောက်တွင်ထည့်ရိုက်ပြီး Ok နှိပ်ပါနောက်ဘောက်တစ်ခုပေါ်
လာက 0 ကိုရိုက်ထည့်ပေးပါ။
web pagea နှေင်နှေးမှုအတွက်ပြင်ဆင်ခြင်းဖြစ်ပါတယ်
Credit to ဘယ်သူ့ဆီကကူးထားမှန်းမသိတော့ဘူး.. တော်တော်ကြာပြီ.. ပို့စ်ပိုင်ရှင်တွေ့ရင် ကျွန်တော့်ဟာ လို့သာ အော်သွားလိုပါတော့..
ကဲ.. ဒီတစ်ခါ Software.. Speedy Fox တဲ့ အောက်မှာ ဒေါင်းလိုက်ပါ..
Mediafire
Box
Zippyshare
ဒါက extension ..
ဒါကိုဒေါင်းပြီး extension မှာ ထည့်ပြီး On ပေးလိုက်ပါ..
Firefox အတွက် Extension
Chrome အတွက် Extension
အပေါ်ကအဆင့်တွေ ပြီးသွားရင်တော့ တော်တော်မြန်တာကိုတွေ့ရမှာဖြစ်ပါတယ်..
ဒါ့အပြင် ရှုပ်ယှက်ခတ်နေတဲ့  Computer မှာ Adware, hiJack, Viruses တွေနဲ့ Browser ကဘာမှန်းမသိတဲ့ Search Toolbar တွေကိုရှင်းပေးမဲ့ AdwCleaner ကိုလည်း ဒီမှာ ဒေါင်းပြီးရှင်းလိုက်ပါ..
ကျွန်တော်ကတော့ ဒါတွေ အကုန်လုပ်ထားပြီး Deepfreeze နဲ့ပိတ်ထားလိုက်တယ်.. Internet Connection ကျနေပေမယ့် တော်တော်မြန်တယ်ခင်ဗျ...
အဆင်ပြေပါစေ..
Credit :
မောင်ပေါက်  

My Blog List

Related Post

Related Posts Plugin for WordPress, Blogger...