Monday, March 25, 2013

Easymute

app အဆန်းလေးပါ။ ဘာလုပ်ပေးလဲဆိုတော့ ဥပမာ သယ်ရင်းက ဖုန်းနဲ့ သီချင်းနားထောင်နေတယ်။ ဖုန်းစပီကာဖွင့်ထားပြီးတော့ နားထောင်နေတယ်ပေါ့ဗျာ။ အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်စကားလာပြောတာပဲဖြစ်ဖြစ် ဖုန်းစပီကာက သီချင်းသံကို ခဏရပ်ထားချင်တဲ့အခါ (သို့) အသံတိုးချင်တဲ့အခါ ဖုန်းရဲ့ အပေါ်ပိုင်းကို လက်ဝါးနဲ့
အုပ်လိုက်တာနဲ့ အသံကို ခဏ Pause (သို့) Volume တိုးသွားစေမယ့် app ပါ။ ကျွန်တော် စမ်းကြည့်လိုက်တာ အတော်သဘောကျသွားတယ်။ အတော် အသုံးဝင်တာပဲဗျ။ သီချင်းနားထောင်နေရင်း ဖုန်းပေါ်ကို အလွယ်တကူ လက်ဝါးလေး အုပ်ရုံနဲ့ သီချင်းက ရပ်သွား/တိုးသွားတယ်။ နောက်ထပ် မိုက်တာလေးက ဖုန်းကို screen off လုပ်ထားတဲ့အချိန်မှာတောင် Easymute က အလုပ်လုပ်ပေးတယ်ဗျာ။ ဒီ app ကို အသုံးပြုဖို့ သယ်ရင်း ဖုန်းမှာ Proximity Sensor ပါမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းတော်တော်များများမှာ Proximity sensor ပါတဲ့အတွက် အဆင်ပြေပါတယ်။
easymute app ကို ဖွင့်လိုက်တာနဲ့ Enable easymute ဆိုတာနဲ့ Setting ဆိုတာ နှစ်ခု တွေ့ရပါမယ်။ Enable easymute ကို နှိပ်လိုက်ပါ။ ပြီးရင် Setting ထဲသွားပြီး အခု အောက်မှာ
ကျွန်တော် ရေးထားတဲ့အတိုင်းလုပ်လိုက်ပါ။
Setting ချိန်နည်း ရေးပေးတယ်ဆိုတာက Setting ကို မကလိတတ်သူတွေ အတွက် လွယ်ကူစွာ အသုံးပြုနိုင်အောင်လို့ပါ။ ကလိတတ်သူတွေကတော့ ကိုယ့်ဘာသာ ကလိကြပါ :)
Setting ထဲ ရောက်တဲ့အခါ ..
Run on Start က အမှန်ခြစ်လေးကို ဖျောက်ထားလိုက်ပါ။ မဟုတ်ရင် ဖုန်းပါဝါဖွင့်တိုင်း easymute က အော်တို အလုပ်လုပ်ပါမယ်။ လိုအပ်မှ သူ့ကို အသုံးပြုမယ်ဆိုတဲ့သဘောပေါ့။
Show Notifications ကိုလဲ အမှန်ခြစ် ဖျောက်ထားပေးပါ။
Pause Player ကို အမှန်ခြစ် ပေးထားလိုက်ပါ။
လက်ဝါးနဲ့အုပ်လိုက်ရင် သီချင်းက Pause ဖြစ်သွားပါမယ်။
အမှန်ဖြစ်ဖျောက်ထားရင်တော့ သီချင်းက ရပ်မသွားပဲ အသံပဲ တိုးသွားပါမယ်။
အသံဘယ်လောက်ထိ တိုးချင်လဲဆိုတာကို Sound Reduction မှာ စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။
Play Single မှာ အမှန်ခြစ် ဖျောက်ထားပေးပါ။
မဖျောက်ရင် သီချင်းတစ်ပုဒ်တည်းကိုပဲ အသုံးပြုနိုင်မှာပါ။
Only Flat Position မှာ အမှန်ခြစ်ဖျောက်ပေးပါ။
Only Wired Headset မှာ အမှန်ဖြစ် ဖျောက်ပေးပါ။
Proximity Sensor Sensibility မှာ Fastest ကို ရွေးပေးပါ။
Sweep Threshold ကို (2000ms) အထိ ဘားအပြည့် ဆွဲလိုက်ပါ။
အိုကေ .. အဲ့ဒါတွေလုပ်ပြီးရင်တော့ music player တစ်ခုခု နဲ့ သီချင်းဖွင့်လိုက်ပါ။
ပြီးရင် ဖုန်းအပေါ်ပိုင်း Proximity Sensor ရှိတဲ့နေရာနားတစ်ဝိုက်ကို လက်ဝါးနဲ့အုပ်လိုက်တာနဲ့ သီချင်းသံ ရပ်သွား/တိုးသွား ပါလိမ့်မယ်။ လက်ဝါး ပြန်ဖယ်လိုက်တာနဲ့ သီချင်းသံ ပြန်ထွက်လာပါလိမ့်မယ်။ Cool !
easymute ကို အသုံးမပြုချင်ရင်တော့ easymute app ကိုပြန်ဖွင့်ပြီး Disable လုပ်လိုက်ပါ။
ဒီလောက်ဆို ကလိလို့အဆင်ပြေပြီမလား .. :)
download -
dropbox -
https://www.dropbox.com/s/c74si0xntbmgw7l/Mr.AD%20-%20easymute.apk?m
mediafire -
http://www.mediafire.com/download.php?r72r11ddpnpr82a
Credit: android လုလင်

No comments:

Post a Comment

My Blog List

Related Post

Related Posts Plugin for WordPress, Blogger...