Friday, March 8, 2013

Biography of Myanmar Mobile app site

End-users ဖြစ်နေလို့ ၊ ဖုန်းနဲ့ပတ်သက်ပြီး ဘာမှမသိသေးဘူးလို့ စိတ်ထဲမှာ ကိုယ့်ကိုကိုယ်ထင်နေပြီးအားငယ်မနေဖို့နဲ့ ၊ လက်ရှိ မြန်မာဖုန်းလောကမှာ လူကြည့်အများဆုံး website ဖြစ်တဲ့ Myanmar Mobile App website ရဲ့ဖြစ်ပေါ်လာပုံလေးကို မသိသေးသူတွေအတွက်ရည်ရွယ်ရေးသားလိုက်ပါတယ်။

-------------------------------------------------------------------------



- ကျွန်တော်ဟာ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကစပြီး blog တွေwebsite တွေ လုပ်ရတာကို အရမ်းဝါသနာပါတဲ့ ကျောင်းသားလေးတစ်ယောက်။

-ဖုန်းကို နည်းနည်းပါးပါး လျှောက်ကလိတတ်ရုံကလွဲပီး advance level ပိုင်းကိုဘာမှမသိသေးတဲ့ ကွန်ပျူတာကျောင်းသားလေးတစ်ယောက် ။

- iOS & Android ဆိုတာကြီးကို မရင်းနှီးသေးတဲ့အချိန်

- Android ဆိုတာ မြန်မာပြည်မှာ အနည်းငယ်ခေတ်စားစ ပြုလာတဲ့အချိန်အထိ Android ဆိုတာဘာမှန်းမသိသေးခဲ့ပါဘူး

- Android ထဲမှာပါတဲ့ ဆော့ဝဲဆိုတာ အိုင်ဖုန်းမှာပါတဲ့ ဆော့ဝဲတွေလိုပဲ ဆိုတာလောက်ပဲ သိတဲ့အချိန် (iPad ထဲက fruit ninja က Android မှာလည်းရှိတယ်ဟ :P ။ အဲလိုမျိုး )

- အိုင်ပတ်လေးတစ်လုံး အိမ်က၀ယ်ပေးတယ်။ ဂိမ်းကစားဖို့ :) ။ iOS ဆိုတာဘာမှန်းတောင်မသိသေးပါဘူး ။ ဆိုင်မှာ ဆော့ဝဲသွားသွင်းတော့ ဆိုင်က ပြောတဲ့ ဝေါဟာရတွေ နားမလည်သေးတဲ့အချိန် ။ ဘာတဲ့ jailbreak လုပ်ရမှာတဲ့ ။ ဘာတဲ့ Greenpois0n နဲ့လုပ်ရမှာတဲ့ :) ။ jailbreak လုပ်လိုက်ရင် ငါ့စက် ပုံများနည်းနည်းပျက်သွားလေမလား (အဲလိုတွေးခဲ့တာ)

- တက္ကသိုလ် hons တန်းပြီးခါနီးကျတော့ ငါကျောင်းတောင်ပြီးတော့မယ် ငါ ၀ါသနာပါတဲ့ website လုပ်တာလေးနဲ့ အကျိုးရှိအောင် website လေးတစ်ခုလုပ်ရင်ကောင်းမယ်လို့စဉ်းစားမိတယ်။ စဉ်းစားတုန်းပဲရှိပါသေးတယ်။

- အဲလိုတွေးနေတဲ့အချိန်မှာ huawei C8600 Android ဖုန်းလေးတစ်လုံးကို ၀ယ်ကိုင်ခဲ့တယ်။ (Android တွေစတင်ခေတ်စားလာတဲ့အချိန်)

- ဆိုင်က ဖုန်းဝယ်တော့ မြန်မာစာထည့်ချင်လားတဲ့ ။ ထည့်ချင်တယ်လို့ပြောတော့ root လုပ်ရမယ်တဲ့ ။ ဟင်... root လုပ်တယ်ဆိုတာ ဘာကြီးလဲ ။?? :)

- အဲဒီကစပြီး ကိုယ့်ကို နားမလည်ပါးမလည်ဖြစ်နေစေတဲ့ Mobile Term ဝေါဟာရတွေအကြောင်း ၊ သူတို့ကိုလုပ်နည်းတွေကို သိချင်စိတ်တွေ အရမ်းပြင်းပြလာခဲ့တယ်။ ဖုန်းနဲ့ပတ်သက်ပြီး စိတ်တွေမသိမသာ အရူးအမူးဖြစ်လာခဲ့တယ်ပေါ့။

- အဲဒီနောက်မှာတော့ ဖုန်းနဲ့ပတ်သက်ပြီးသိချင်တာလေးတွေကို အင်တာနက်ကနေ ရှာပါတယ်။ ကိုယ့်ဖုန်းကို စမ်းသပ်ပါတယ်။မှတ်မှတ်ရရ အဲဒီကာလတုန်းက ဖုန်းနဲ့ ပတ်သက်တဲ့ မြန်မာ website ဆိုလို့ မျိုးမြန်မာ လို့ခေါ်တဲ့ site တစ်ခုပဲရှိသေးတဲ့အချိန်ပါ။ အခုတော့ အဲဒီ site ကမရှိတော့ပါဘူး။ ဒီ site တွေဟာ Android နဲ့ပတ်သက်ပြီး စသိစေခဲ့တဲ့ကျနော့်ရဲ့ သင်ဆရာ ၊မြင်ဆရာလို့ပြောရင်လည်းမမှားပါဘူး။

- ဒါနဲ့ပဲ ကျောင်းပြီးဖို့ နှစ်လလောက်အလိုမှာ စိတ်ထဲမှာရည်ရွယ်ထားတဲ့အတိုင်း website လေးတစ်ခုလုပ်ဖို့ကို ပြန်စဉ်းစားခဲ့ပါတယ်။ ဒီတစ်ခါတော့ ဖုန်းကလိရတာရူးလာချိန်ဆိုတော့ iOS,Android ဖုန်းဆော့ဝဲလေးတွေ မြန်မာလိုရှင်းပြပြီးတင်ပေးဖို့ website လေးတစ်ခုလုပ်ဖို့စဉ်းစားမိတယ်။ Website နာမည်ကို အမျိုးမျိုးစဉ်းစားမိရာက နောက်ဆုံးတစ်ခုကိုရွေးချယ်ပြီးပေးလိုက်တယ်။ "Myanmar Mobile App Store" .... ။ ကိုယ့်လိုပဲ မသိသေးတဲ့ ဘ၀တူ mobile users တွေကို ကိုယ်သိသလောက်လေးတွေ မျှဝေပေးဖို့ ရည်ရွယ်ချက်နဲ့အဲဒီ site လေးကိုစလုပ်ဖြစ်ခဲ့တယ်။

-Blog သေးသေးလေးအဆင့်ပေါ့။

- တစ်နေ့ကို လူ သုံးဆယ်လောက်ဝင်ရင်ကိုပဲ ကိုယ့် site ထဲလူဝင်များလာပြီလို့ပျော်နေရတဲ့အချိန် :)

- ညီနေမင်းရဲ့ site ကိုဝင်ကြည့်ဖြစ်တော့ သူတို့ရဲ့ site က တစ်နေ့ကိုလူနှစ်ထောင်လောက်ဝင်နှုန်းရှိနေတဲ့အချိန် ။ ညီနေမင်းရဲ့ website ကိုအားကျမိကြောင်းပြောတော့ ညီနေမင်းက ပြောပါတယ်။ လူဝင်များ လူသိများတဲ့ website တစ်ခုဖြစ်လာအောင် ၂ နှစ်လောက်တော့ အချိန်ယူရမယ်တဲ့။

- အဲ.. website ထဲမှာ ဖုန်းဆော့ဝဲလေးတွေကို မြန်မာလိုရေးပြီးတင်ပေးနေပေမယ့် ။ အောက်မှာ comment လာပေးတဲ့သူတစ်ချို့က ဖုန်းနဲ့ပတ်သက်တဲ့ software service တစ်ချို့ကို လာလာမေးကြတယ်။ နိုကီရာဖုန်းမှာမြန်မာလိုထည့်ချင်လို့ပါ တို့ ဘာတို့ပေါ့။ ဒါနဲ့ သူငယ်ချင်းတွေရဲ့ ဖုန်းတွေကိုခဏငှား ၊ internet ကနေ nokia ဖုန်းရဲ့ sytem font အစားထိုးနည်းမျိုးကိုရေးထားတဲ့ အင်္ဂလိပ် site တွေကနည်းကိုနမူနာယူပြီး မြန်မာဖောင့်နဲ့အစားထိုးကြည့် ။ စမ်းတာအောင်မြင်တော့ ပို့စ်အနေနဲ့ စတင်ဖြစ်တယ်။ ဒီလိုနဲ့ Myanmar Mobile App site လေးမှာ ကျူတိုရိရယ် ကဏ္ဍ စပြီးပါလာခဲ့တယ်။ ကိုယ်တိုင်လည်း ဆော့ဝဲဆားဗစ်လေးတွေနဲ့ပတ်သက်လို့ ဒီလိုနဲ့ပဲသိလာခဲ့ရတယ်။ အင်တာနက်ဟာ ကိုယ့်ရဲ့ဆရာပါပဲ။

- website လေးကို လူဝင်နှုန်းလေးတွေတက်လာအောင်လို့ ဖေ့ဘုတ်ပေါ်မှာ ဟိုမှာဝင်ရှဲ ၊ ဒီမှာဝင်ရှဲလုပ်ခဲ့ရတဲ့အချိန်ကာလလေးပေါ့။

- အဲဒီနောက်မှာတော့ site လေးထဲ မေးလာတာလေးတွေကို ဖြေရှင်းပေးနိုင်ဖို့ သူတို့မေးလာတာလေးတွေကို ကိုယ်က ရှာ။ စမ်းသပ် ၊ ပို့စ်တင် ။ ဒီလိုနဲ့ ဖုန်းနဲ့ပတ်သက်ပြီး တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့တယ်။ users တွေဟာ ကိုယ့်ရဲ့ဆရာတွေပါပဲ။ သူတို့ပြောမှ ကိုယ်က သိပြီး နည်းကိုရှာရတာကိုး ။

- စာမေးပွဲ final ဖြေနေရတဲ့ညတွေမှာတောင် စာမကြည့်ဘဲ ယူဇာတွေမေးတာတွေဖြေပေးနိုင်ဖို့ ဖုန်းကလိပြီး ပို့စ်တင်၇လောက်အောင်ကို မိုဘိုင်းအပေါ်မှာရူးသွပ်ခဲ့ပါတယ်။

-အဲဒီအချိန်တုန်းက မြန်မာ ဖုန်းwebsite တွေက မရှိသလောက်ကိုရှားနေတဲ့အချိန်ဆိုတော့ ကျွန်တော့် site လေးက ဂျာနယ်တစ်ချို့မှာ ဖော်ပြခံလာရတယ်။ ဒါကလည်း Myanmar Mobile App site ကိုအောင်မြင်လာစေမယ့် အကြောင်းအရင်းထဲက တစ်ချက်ပါပဲ။

- အဲဒီနောက်မှာတော့ ဖုန်းလောကထဲကိုရောက်မှန်းမသိရောက်လာခဲ့တယ်။ ကျွန်တော်နဲ့စသိကျွမ်းခဲ့တဲ့ ဖုန်းလောကသားတစ်ယောက်ရလာခဲ့တယ်။ သူက website မှာဝင်ရေးခဲ့ပါတယ်။ Myanmar Mobile App ရဲ့ 1st gereration author တစ်ယောက်လို့တောင်ပြောလို့ရတယ်။ သူကတော့ အီးတီ ဆိုတဲ့ nick name နဲ့ဝင်ရေးသူပေါ့။

- အဲဒီနောက်မှာတော့ website လေးက တဖြည်းဖြည်းနဲ့ လူသိများလာခဲ့ပါတယ်။ ဖုန်းနဲ့ပတ်သက်တဲ့ပို့စ်တွေဟာလည်း တဖြည်းဖြည်းနဲ့ ပိုစုံလာပါတယ်။

- online ပေါ်မှာတင်မဟုတ်ဘဲ ဘားကမ့်လိုပွဲတွေမှာပါလိုက်ပြီးမိုဘိုင်းနဲ့ပတ်သက်ပြီး အသိပညာပေး camp လေးတွေသွား ပြော ၊ ဆားဗစ်လေးတွေလုပ်ပေး ။ ဒီလိုနဲ့ လေးငါးခြောက်လလောက်ကြာလာတော့ website ကလည်း တစ်နေ့ကို လူ တစ်ထောင်လောက် ၀င်နှုန်းရှိတဲ့အခြေအနေဖြစ်လာတယ်။

- website လေးစတင်ခဲ့တာ တဖြည်းဖြည်း လတွေကြာတဲ့အလျှောက် ဖုန်းလောကသားတစ်ချို့ ရဲ့ သိသိသာသာ မသိမသာ တိုက်ခိုက်မှုတွေ ၊ personal ထိပါးပြောဆိုမှုတွေကြောင့် စိတ်ဓာတ်ကျဖို့အ၇မ်းကောင်းတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် user တွေအဆင်ပြေဖို့သာအဓိက လို့စိတ်မှာထားပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ခဲ့တယ်။

Website ဟာလည်း တဖြည်းဖြည်းကြီးလာခဲ့တယ်။ ပိုပြီး လူသိများလာတယ်။ တစ်နေ့ကို website ကိုလူဝင်နှုန်း လေးထောင် / ငါးထောင်ခန့် ၀င်နှုန်းရှိလာတယ်။

- ဖုန်းနဲ့ပတ်သက်တဲ့ ညီအကိုမောင်နှမတစ်ချို့ကို ထပ်ရမယ့် အချိန်လို့လည်းပြောလို့ရပါတယ်။ MMAS fb fan page မှာ ဆော့ဝဲတွေကိုလာလာတင်နေတဲ့သူ ၊ ယူဇာတွေမေးတာကိုလည်း အဲဒီတစ်ယောက်က ၀င်ဝင်ဖြေပေးနေတဲ့သူ နှစ်ယောက်ကိုတွေ့တယ်။ သူတို့ကိုလည်း Myanmar Mobile App Website မှာ ပါဝင်ရေးပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီသူတွေကတော့ ကိုမျိုး ၊ မပိုးညို နဲ့ ကိုကစ်ကျော်တို့ပါ သူတို့က MMAS website ရဲ့ second generation author တွေလို့ပြောလို့ရပါတယ်။ အခုထိလည်းရေးနေကြဆဲပါပဲ။

- အဲဒီနောက်မှာတော့ MMAS က user တွေ ၊ visitor တွေကို တစ်စုတစ်စည်းတည်း ရင်းနှီး ဆွေးနွေးပြောဆိုနိုင်ကြဖို့ ရည်ရွယ်ပြီး facebook group တစ်ခုကိုစလုပ်ခဲ့ကြပါတယ်။ အဲဒီ group ကတော့ Myanmar Mobile Users Group ပေါ့။ ဒီဂရုလေးက အရမ်းကိုနွေးထွေးပြီး ယူဇာအချင်းချင်းခင်မင်မှုတွေလည်းတိုးစေခဲ့ပါတယ်။ အရမ်းလည်း active ဖြစ်တဲ့ group တစ်ခုပါ။ တစ်ချို့သဘောထားမတူသူတွေကလည်း ဒီဂရုကနေ သီးသန့်ခွဲထွက်ပြီး ဂရုတွေ အသီးသီးခွဲထွက်သွားခဲ့ကြတာတွေလည်းရှိတယ်။

- ဒီလိုနဲ့ဖုန်းလောကထဲကိုရောက်မှန်းမသိရောက်နေတဲ့ ကျွန်တော်နဲ့ အတူ ၀ါသနာတူညီအကိုမောင်နှမတွေ စုပေါင်းမိနေတဲ့ MMAS/MMUG ဟာ အွန်လိုင်းမှာရော အပြင်မှာပါ end-users များကို မိုဘိုင်းအသိပညာဝေမျှခြင်း ၊ မိုဘိုင်းဆိုင်ရာဆွေးနွေးပွဲ camp များပြုလုပ်ရင်းနဲ့ အချိန် တစ်နှစ်ခွဲခန့်ကြာမြင့်ခဲ့ပါပြီ။

- site ဟာလည်း တစ်နေ့ကို လူ တစ်သောင်းလောက် ၀င်နှုန်းရှိတဲ့အနေအထားကို ရောက်လာပါပြီ ။ MMAS ကို အားပေးတဲ့ users တွေရှိနေသရွေ့ MMAS က ရှိနေဦးမှာပါ။ End Users အသိကနေစခဲ့တဲ့ ဒီ website ဒီ group ဟာ နောင်လည်း မသိသေးတဲ့ users တွေ သိလာအောင် လက်တွဲခေါ်နေဦးမှာပါ......

Credit : That Naing Soe MMUG

My Blog List

Related Post

Related Posts Plugin for WordPress, Blogger...